ပုဒ်မ ၂၉
ပုဒ်မ ၂၉
နိုင်ငံခြားသမ္မန်စာများချအပ်ခြင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်ပြင်ပရှိ တရားမရုံး သို့မဟုတ် အခွန်ရုံးတစ်ရုံးက ထုတ်ဆင့်သည့် သမ္မန်စာများကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ တရားရုံးများသို့ ပို့နိုင်သည်။ ထိုသမ္မန်စာ များကို ယင်းတရားရုံးများကပင် ထုတ်ဆင့်ဘိသကဲ့သို့ ချအပ်နိုင်သည်။

သို့ရာတွင် ဤပုဒ်မပါ ပြဌာန်းချက်များသည် ယင်းရုံးများနှင့် သက်ဆိုင်ကြောင်း၊ ပြည်ထောင်စုတရားသူကြီးချုပ်က ပြည်ထောင်စုမြန်မာနိုင်ငံတော်ပြန်တမ်း  တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေငြာပြီး ဖြစ်ရမည်။( ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၉ ဖြင့် နိုင်ငံတော်သမ္မတကို ပြည်ထောင်စုတရားသူကြီးချုပ်ဖြင့် အစားထိုးပြင်ဆင်ထားသည်။)