မရွှေ့မပြောင်းနိုင်သော ပစ္စည်း လက်ရောက်ပေးအပ်စေသည့် ဒီကရီရသူ သို့မဟုတ် ဒီကရီအတည်ပြုရာတွငရောင်းချသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ဝယ်ယူသူသည် (purchaser) ယင်းပစ္စည်းကို လက်ရောက်ရယူရာ၌ (in obtaining possession of the property) တရားရှုံးကဖြစ်စေ ၎င်း၏ ကိုယ်စား အခြားသူတစ်ဦးဦးကဖြစ်စေ (some person on his behalf) ခုခံခြင်း သို့မဟုတ် တားဆီးဟန့်တားခြင်း ပြုခဲ့ပြီး၊ အဆိုပါ ခုခံမှု သို့မဟုတ် တားဆီးဟန့်တားမှုမှာ တရားမျှတသော အကြောင်းမရှိဘဲ ပြုလုပ်ခြင်းဖြစ်ကြောင်း တရားရုံး က လက်ခံပါက တရားရုံးသည် တရားနိုင် သို့မဟုတ် ဝယ်ယူသူ၏ လျှောက်ထားတောင်းဆိုချက်အရ တရားရှုံးအား သို့မဟုတ် အဆိုပါ အခြားသူအား ရက်ပေါင်း ၃၀ အထိ တရားမအကျဉ်းထောင်တွင် ချုပ်နှောင်ထားရန် အမိန့်ချနိုင်သည့်အပြင် တရားနိုင် သို့မဟုတ် ဝယ်ယူသူအား ပစ္စည်း လက်ရောက်ပေးအပ်စေရန်လည်း ဆက်လက် ညွှန်ကြားနိုင်သည်