နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများသည် ဤဥပဒေပါ ပုဒ်မ ၃၃ အရ-
(က) ဗဟိုဘဏ်က တောင်းခံသော သတင်းအချက် အလက်များကို ပေးအပ်ရန် ပျက်ကွက်ခြင်း မရှိစေရ၊
(ခ) မိမိ၏စာရင်းများ၊ စာရင်းစာအုပ်များ၊ အထောက် အထားများနှင့် အခြားမှတ်တမ်းများကို စစ်ဆေးမှုပြုရာတွင် စွက်ဖက်ခြင်း၊ ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုရ။