ပုဒ်မ ၁၆၁
ပုဒ်မ ၁၆၁
ပြန်လည်သတိရရန်ကြည့်ရှုသည့်ရေးသားချက်နှင့်စပ်လျဉ်း၍ ဆန့်ကျင်ဘက်အမှုသည်၏အခွင့်အရေး

အထက်ပါ နောက်ဆုံးပုဒ်မ ၂ ခုတို့၏ဖော်ပြထားသော ရေးသားချက်တစ်ခုခုကိုကြည့်ရှုလိုကြောင်း ဆန့်ကျင်ဘက်အမှုသည်ကတောင်းဆိုလျှင် ထိုရေးသားချက်ကို တရားရုံးသို့တင်ပြ၍ဆန့်ကျင်ဘက် အမှုသည်အားပြသရမည်။ဆန့်ကျင်ဘက်အမှုသည် သည် ထိုရေးသားချက်နှင့် စပ်လျဉ်း၍ သက်သေကို ပြန်လှန်စစ်မေးလိုလျှင် စစ်မေးနိုင်သည်။