ပုဒ်မ ၁၃၇
ပုဒ်မ ၁၃၇
အကြောင်းပြရန် ရောက်ရှိသည့်အခါ လိုက်နာရန်ကျင့်ထုံး

(၁) ထိုသူရောက်ရှိ၍ မည်သည့်အကြောင်းကြောင့် အမိန့်အတည်မဖြစ်သင့်ကြောင်းဖြင့် အကြောင်း ပြလျှင် တရားသူကြီးက သက်သေထွက်ချက်များကို သမ္မန်မှုကဲ့သို့ ရေးမှတ် ရမည်။

(၂) တရားသူကြီးက ထိုအမိန့်သည် ယုတ္တိမတန်ကြောင်းနှင့် မသင့်လျော်ကြောင်း ကျေနပ် လျှင် ၎င်းအမှုတွင် ထပ်မံ၍ စစ်ဆေးခြင်းမရှိစေရ။

(၃) တရားသူကြီးသည် ဆိုခဲ့သည့်အတိုင်းကျေနပ်မှုမရှိလျှင် ထိုအမိန့်ကို အပြီးအပြတ် ဖြစ်အောင် ပြုလုပ်ရမည်။