ပုဒ်မ ၁၃၀-ခ
ပုဒ်မ ၁၃၀-ခ
နိုင်ငံခြားတိုင်းပြည်များကို အသရေပျက်စေမှု

မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ ဖတ်ရှုရန် ရည်ရွယ်၍ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ မြင်နိုင်သော ဖော်ပြချက်ဖြင့်ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံနှင့် နိုင်ငံခြားတိုင်းပြည်တို့၏ ငြိမ်းချမ်းစွာနှင့် မိတ်ဆွေအဖြစ်ဆက်ဆံမှုကို နှောင့်ယှက်ရန်အကြံဖြင့် နိုင်ငံခြားတိုင်းပြည်ကိုဖြစ်စေ၊ နိုင်ငံခြား တိုင်းပြည်၏ အကြီးအကဲကိုဖြစ်စေ၊ သံအမတ်ကြီးကိုဖြစ်စေ၊ အခြားထိပ်တန်းပုဂ္ဂိုလ်ကိုဖြစ်စေ ဂုဏ်နိမ့်ကျစေတတ်သည့် သို့မဟုတ် ဂုဏ်သိက္ခာထိပါးစေတတ်သည့် သို့မဟုတ် မုန်းထားအောင်သော် လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်း ဖြစ်စေတတ်သည့်အရာကို ထုတ်ပြန်ကြေညာလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ပထမခြွင်းချက်။ ပြည်ထောင်စုမြန်မာနိုင်ငံနှင့် နိုင်ငံခြားတိုင်းပြည်တို့၏ ငြိမ်းချမ်းစွာနှင့် မိတ်ဆွေ အဖြစ် ဆက်ဆံမှုကိုနှောင့်ယှက်ရန် အကြံမရှိဘဲ အများပြည်သူ အကျိုးနှင့် သက်ဆိုင်သောကိစ္စနှင့်စပ်လျဉ်း၍ မျှတသောဝေဖန်ချက်ကို ထုတ်ပြန်ကြေညာ ခြင်းသည် ဤပုဒ်မအရ ပြစ်မှုမမြောက်။

ဒုတိယခြွင်းချက်။ မှန်ကန်သည့်အရာကို အများပြည်သူကောင်းကျိုးအတွက် ကြေညာသင့်သဖြင့် ကြေညာခြင်းသည် ဤပုဒ်မအရ ပြစ်မှုမမြောက်။ ကြေညာချက်သည် အများ ပြည်သူကောင်းကျိုးအတွက် ဟုတ်သည် မဟုတ်သည်ဆိုသော အချက်သည် အကြောင်းခြင်းရာ၏ ပြဿနာဖြစ်သည်။


ကျင့်ထုံး
  1. ရဲအရေးမပိုင်
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံး၊ ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည် စစ်ဆေးနိုင်သည်။