ပုဒ်မ ၆၇
ပုဒ်မ ၆၇
ငွေဒဏ်သက်သက် ချမှတ်ထိုက်သော ပြစ်မှုမျိုးအတွက် ငွေဒဏ်မဆောင်သဖြင့် ထောင်ဒဏ်ကာလ သတ်မှတ်ခြင်း။

ငွေဒဏ်သက်သက်သာ ချမှတ်ထိုက်သည့် ပြစ်မှုမျိုးအတွက် ငွေဒဏ်မဆောင်သဖြင့် ငွေဒဏ်အစား ချမှတ်သောထောင်ဒဏ်သည် အလုပ်မဲ့ထောင်ဒဏ်ဖြစ်ရမည်။ ထိုသို့ချမှတ်သော ထောင်ဒဏ်ကာလ အပိုင်းအခြားသည် အောက်ပါအတိုင်းဖြစ်ရမည် -

ငွေဒဏ်ကျပ်ငါးထောင်ထက်မပိုလျှင် နှစ်လထက်မပိုသည့်ထောင်ဒဏ်၊ ငွေဒဏ်ကျပ်တစ်သောင်းထက် မပိုလျှင် လေးလထက်မပိုသည့်ထောင်ဒဏ်၊ ငွေဒဏ်ကျပ်တစ်သောင်းထက်ပိုလျှင် ခြောက်လထက် မပိုသည့် ထောင်ဒဏ်။



ကျင့်ထုံး