ပုဒ်မ ၅၂၅
ပုဒ်မ ၅၂၅
ပျက်စီးယိုယွင်းလွယ်သော ပစ္စည်းများကို ရောင်းချပိုင်ခွင့် အာဏာ

ဆိုခဲ့သည့်ပစ္စည်းကို လက်ရှိထားခွင့်ရှိသူအား မသိလျှင်၊ သို့မဟုတ် လိုသူမလာ ရောက်လျှင်၊ ထို့ပြင် ပစ္စည်းမှာလည်း သဘာဝအလျောက် အလျင်အမြန် ပျက်စီးယိုယွင်းတတ်သည့် ပစ္စည်းဖြစ်လျှင်၊ သို့မဟုတ် ထိုပစ္စည်းသိမ်းဆည်းခြင်းကို အစီရင်ခံရာတွင် ရာဇဝက်တရား သူကြီးက ထိုပစ္စည်းကိုရောင်းလျှင်၊ ထိုသို့ရောင်းချခြင်းသည် ပိုင်ရှင်၏အကျိုးအတွက်ဖြစ်သည်ဟု ထင်မြင် ယူဆလျှင်၊ သို့မဟုတ် အဆိုပါပစ္စည်း၏တန်ဖိုးမှာ ကျပ်ငွေတစ်ထောင်အောက်ဖြစ်လျှင် ရာဇဝတ်ဘရားသူကြီးသည် မည်သည့်အချိန်တွင်မဆို ထိုပစ္စည်းကို ရောင်းချစေရန် ညွှန်ကြားနိုင်သည်။ ထို့ပြင် ပုဒ်မ ၅၂ ၃ နှင့် ပုဒ်မ ၅၂၄ ပါ ပြဋ္ဌာန်းချက်များသည် ထိုကဲ့သို့ ရောင်းချ၍ရရှိသည့် အသားတင်ရရှိငွေများနှင့် သက်ဆိုင်နိုင်သမျှ သက်ဆိုင်စေရမည်။