ပုဒ်မ ၁၅၃-က
ပုဒ်မ ၁၅၃-က
အမျိုးအစားတစ်ခုနှင့်တစ်ခု ရန်ငြိုးထားစေရန် အားပေးအားမြှောက်ပြုခြင်း

မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်သူအမျိုးအစား တစ်ခုနှင့်တစ်ခု ရန်ငြိုးစိတ်ထားအောင်သော်လည်းကောင်း၊ မုန်းတီးစိတ်ထားအောင်သော်လည်းကောင်း အားပေးအားမြှောက်ပြုလျှင် သို့မဟုတ် ထိုသို့အားပေးအားမြှောက်ပြုရန် အားထုတ်လျှင် ထိုသူကို နှစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ရှင်းလင်းချက်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်သူ အမျိုးအစားတစ်ခုနှင့်တစ်ခု ရန်ငြိုးစိတ်ထား ခြင်းကိုဖြစ်စေ၊ မုန်းတီးစိတ်ထားခြင်းကိုဖြစ်စေ ဖြစ်ပေါ်စေသော သို့မဟုတ် ဖြစ်ပေါ်စေတတ်သော အကြောင်းများကို ဖယ်ရှားရန်အလို့ငှာ မသမာသောကြံရွယ်ချက်မရှိသည့်ပြင် ရိုးဖြောင့်သောသဘောဖြင့် ထိုအကြောင်းများကို ထုတ်ဖော်ခြင်းသည် ဤပုဒ်မအရ ပြစ်မှုမမြောက်။



ကျင့်ထုံး
  1. ရဲအရေးမပိုင်
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်။
  3. အာမခံ မပေးနိုင်။
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံး၊ ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည် စစ်ဆေးနိုင်သည်။