ပုဒ်မ ၁၆၂
ပုဒ်မ ၁၆၂
စာရွက်စာတမ်းများကိုတင်ပြခြင်း

သက်သေတစ်ဦးသည် စာရွက်စာတမ်းတစ်ခုကိုတင်ပြရန်ဆင့်ခေါ်ခြင်းခံရ၍ ထိုစာရွက်စာတမ်းမှာလည်း ထိုသက်သေ၏လက်တွင်ဖြစ်စေ၊ ထိုသူရယူပိုင်ခွင့်ရှိရာနေရာ၌ဖြစ်စေ ရှိလျှင်ထိုစာရွက်စာတမ်း တင်ပြခြင်းကိုသော်လည်းကောင်း၊ ထိုစာရွက်စာတမ်း၏သက်သေခံဝင်မှုကိုသော်လည်းကောင်း ကန့်ကွက်ချက်ရှိစေကာမူ ထိုစာရွက်စာတမ်းကိုတရားရုံးသို့ယူဆောင်ခဲ့ရမည်။ အဆိုပါ ကန့်ကွက်ချက် ခိုင်လုံ မှုရှိသည် မရှိသည် ကိုတရားရုံးကဆုံးဖြတ်ရမည်။

ထိုစာရွက်စာတမ်းမှာနိုင်ငံတော်ဆိုင်ရာကိစ္စများနှင့် မပတ်သက်လျှင် တရားရုံးသည် ထိုစာရွက်စာတမ်းသက်သေခံဝင်သည် မဝင်သည်ကိုဆုံးဖြတ်နိုင်ရန်အလို့ငှာ မိမိသင့်တော်သည် ထင်မြင်ပါက ထိုစာရွက်စာ တမ်းကိုကြည့်ရှုစစ်ဆေးနိုင်သည် သို့မဟုတ် အခြားသက်သေခံချက်ကိုရယူနိုင်သည်။

စာရွက်စာတမ်းများကိုဘာသာပြန်ခြင်း။

အဆိုပါကိစ္စအလို့ငှာ စာရွက်စာတမ်းတစ်ခုခုကို ဘာသာပြန်ဆိုစေရန်လိုအပ်သည့်အခါ တရားရုံးသည် မိမိသင့်တော်သည်ထင်မြင်ပါက ထိုစာရွက်စာတမ်းကိုသက်သေခံတင်ပြခြင်းမပြုလျှင် ထိုစာရွက်စာ တမ်းပါအကြောင်းအရာများကို လျှို့ဝှက်ထားရန်သက်ဆိုင်ရာဘာသာပြန်ဆိုသူအားညွှန်ကြားနိုင်သည်။ ဘာသာပြန်ဆိုသူသည်ထိုညွှန်ကြားချက်ကို မလိုက်နာလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၆၆ အရ ပြစ်မှု ကျူးလွန်သည်ဟုမှတ်ယူရမည်။