(၁) တရားလွှတ်တော်သည် လက်ရှိ ရုံးထိုင်သည့်နေရာတွင် ရုံးထိုင်ရမည်၊ သို့မဟုတ် နိုင်ငံတော်သမ္မတက ညွှန်ကြားသည့် အခြားတစ်နေရာ (ရှိခဲ့လျှင်) တွင် ရုံးထိုင်ရမည်။
(၂) သို့သော်လည်း နိုင်ငံတော်သမ္မတ၏ သဘောတူညီချက်ဖြင့် တရားလွှတ်တော်က သတ်မှတ်သည့် မိမိအယူခံစီရင်ပိုင်ခွင့်အာဏာရှိသည့် နယ်မြေအတွင်းရှိ အခြားနေရာများတွင် အခါအားလျော်စွာ ရုံးထိုင်ခြင်းများ ပြုနိုင်သည်။
ရုံးထိုင်ရန် ကြေညာခြင်း။
(၃) တရားလွှတ်တော်က ပြစ်မှုဆိုင်ရာ မူလစီရင်ပိုင်ခွင့်အာဏာ သုံးစွဲရန် အတွက် ရည်ရွယ်သည့် ရုံးထိုင်ရက်များကို တရားရုံးအရာရှိက နိုင်ငံတော်ပြန်တမ်းတွင် ကြိုတင်၍ ကြေညာရမည်။