(၁) တစ်ဦးတစ်ယောက်သောသူကို သေဒဏ်ပြစ်ဒဏ် ချမှတ်သည့်အခါ ၎င်းကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ်၍ သတ်ရမည်ဟု ညွှန်ကြားရမည်။
တစ်ကျန်းပို့ဒဏ်ပြစ်ဒဏ်။
(၂) မည်သည့် တစ်ကျွန်းပို့ဒဏ်ပြစ်ဒဏ်တွင်မျှ ယင်းသို့ စီရင်ခြင်းခံရသူတို့ မည်သည့်အရပ်ဒေသကို ပို့ရမည်ဟူ၍ သီးခြားဖော်ပြခြင်းမပြုရ။