ထွက်ပြေးတိမ်းရှောင်နေသည့် အကျဉ်းသားတစ်ဦးအပေါ်၍ ဥပဒေအရ ပြစ်ဒဏ်ချမှတ်သည့်အခါ အဆိုပါ ပြစ်ဒဏ်သည် သေဒဏ်၊ငွေဒဏ်၊ သို့မဟုတ် ကြိမ်ဒဏ်ဖြစ်လျှင် အထက်က ပါရှိသည့် ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ၎င်းပြစ်ဒဏ်များမှာ ချက်ချင်း အတည်ဖြစ်စေရမည်။ ထို့ပြင် ၎င်းပြစ်ဒဏ်မှာ ထောင်ဒဏ်၊ သို့မဟုတ် သက်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း တစ်ကျွန်းပို့ဒဏ်၊ ထောင်ဒဏ် တစ်သက် သို့မဟုတ် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ်ဖြစ်လျှင် အမှုကိုလိုက်၍ ၎င်းအကျဉ်းသားထွက်ပြေးသည့်အချိန်က ၎င်း၏ ယခင်ပြစ်ဒဏ်စီရင်ချက်မှ ကျခံရန်ကျန်ရှိနေသေးသည့် ကာလအပိုင်းအခြားနှင့်ညီမျှသည့် ကာလတစ်ရပ်အတွက် ထောင်ဒဏ် ဖြစ် သက်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း တစ်ကျွန်းပို့ဒဏ်၊ ထောင်ဒဏ် တစ်သက် သို့မဟုတ် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ်ဖြစ်စေ ဆက်လက်ကျခံပြီးသည့်နောက်တွင်မှ ယင်းပြစ်ဒဏ်မှာ အတည်ဖြစ်စေရမည်။ (ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၁၆)