ပုဒ်မ ၄၇
နိုင်ငံတော်အခြေခံမူများ
ဤအခန်းပါအခြေခံမူများနှင့် အခန်း(၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်းတွင်ပါရှိသော “နိုင်ငံတော်” ဆိုသည်မှာ ရှေ့နောက်စကားရပ်တို့၏ အဓိပ္ပာယ် ကိုထောက်၍ ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုမှုအခွင့်အာဏာ ကိုသော်လည်းကောင်း၊ အုပ်ချုပ်မှု အခွင့်အာဏာ ကိုသော်လည်းကောင်း ကျင့်သုံးသော အဖွဲ့အစည်းသို့မဟုတ် ပုဂ္ဂိုလ်ကိုဆိုလိုသည်။