မည်သည့်အခါ နိုင်ငံခြားသားများက တရားစွဲဆိုနိုင်ခြင်း
(၁) နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် (alien enemies residing with permission)ပြည်ထောင်စုမြန်မာနိုင်ငံတော် တွင် နေထိုင်လျက်ရှိသည့် ရန်သူနိုင်ငံခြားသားများသည်လည်းကောင်း၊ မိတ်ဆွေ နိုင်ငံခြားသားများ သည် လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံသားများဖြစ်ဘိသကဲ့သို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရှိ တရားရုံးများ၌ တရားစွဲဆိုနိုင်သည်။
(၂) အဆိုပါ ခွင့်ပြုချက် မရရှိဘဲ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် နေထိုင်လျက်ရှိသော မည်သည့်ရန်သူနိုင်ငံခြားသားမျှ သို့မဟုတ် နိုင်ငံခြားတိုင်းပြည်တွင် နေထိုင်လျက်ရှိသော မည်သည့် ရန်သူနိုင်ငံခြားသားမျှ အဆိုပါ တရားရုံးတစ်ရုံးရုံးတွင် တရားစွဲဆိုခြင်း မပြုရ။
ရှင်းလင်းချက် ။ ။ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် စစ်မက်ဖြစ်ပွားလျက် ရှိသည့် အစိုးရအုပ်ချုပ်သော နိုင်ငံခြားတိုင်းပြည်တွင် နေထိုင်လျက်ရှိပြီး ပြည်ထောင်စုအစိုရအဖွဲ့အတွင်းရေးမှူး လက်မှတ်ရေးထိုးထားသည့် ခွင့်ပြုချက်မရရှိဘဲ နိုင်ငံခြားတိုင်းပြည်တွင် လုပ်ငန်း လုပ်ကိုင်လျက်ရှိသူအသီးသီးကို ပုဒ်မခွဲ(၂)ပါ ကိစ္စအလို့ငှာ နိုင်ငံခြားတိုင်းပြည်တွင် နေထိုင်သော ရန်သူ နိုင်ငံခြားသားဖြစ်သည်ဟု မှတ်ယူရမည်။