တရားသူကြီးတစ်ဦးက အထက်ပါပုဒ်မ၏ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (ဂ) အရ ပြစ်မှုတစ်စုံ တစ်ရာကို အရေးယူသည့်အခါ အမှုကို အခြားတရားရုံးတစ်ရုံးက စစ်ဆေးပေးရန် တရားခံအနေဖြင့် လျှောက်ထားပိုင်ခွင့် ရှိကြောင်းကို သက်သေခံချက် တစ်စုံတစ်ရာ မရယူမီ ၎င်းတရားခံအား ပြောကြား ရမည်။ အကယ်၍ တရားခံက သို့မဟုတ် တရားခံ တစ်ဦးထက်ပိုလျှင် မည်သည့်တရားခံကမဆို ဖော်ပြပါ တရားသူကြီး၏ စစ်ဆေးမှုကို ကန့်ကွက်လျှင် ယင်းတရားသူကြီးက စစ်ဆေးစီရင်မည့်အစား အဆိုပါအမှုကို စက်ရှင်တရားရုံးသို့ လွှဲအပ်တင်ပို့ရမည် သို့မဟုတ် အခြား တရားသူကြီးထံ လွှဲအပ် ရမည်။