ပုဒ်မ ၄၆
ပုဒ်မ ၄၆
မည်သို့ဖမ်းဆီးရခြင်း

(၁) ဖမ်းဆီးရာတွင် ဖမ်းဆီးခြင်းခံရမည့်သူက အသာတကြည် အဖမ်းခံမည့် ကိုယ်အမူ အရာ၊ နှုတ်အမူအရာ မပြခဲ့လျှင် ဖမ်းဆီးသည့်ရဲအရာရှိ သို့မဟုတ် အခြားဖမ်းဆီးသူသည် မိမိ ဖမ်းဆီး ရမည့်သူကို ကိုယ်ထိလက်ရောက် ချုပ်နှောင်ဖမ်းဆီးရမည်။

ဖမ်းဆီးရာတွင် ခုံခံခြင်း

(၂) အကယ်၍ ဖမ်းဆီးခြင်းခံရမည့်သူက ၎င်းအား ဖမ်းဆီးခြင်းကို အကြမ်းဖက်ခုခံလာလျှင် သို့မဟုတ် ဖမ်းဆီးခြင်းကို တိမ်းရှောင်ရန်အားထုတ်လျှင် ဖမ်းဆီးသည့် ရဲအရာရှိသည် သို့မဟုတ် အခြား ဖမ်းဆီးသူသည် ဖမ်းဆီးရမိအောင် လိုအပ်သည့်နည်းလမ်းမှန်သမျှကို အသုံးပြုနိုင်သည်။

(၃) သေဒဏ်ထိုက်သည့်ပြစ်မှု သို့မဟုတ် သက်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း တစ်သက်တစ်ကျွန်းဒဏ်၊ ထောင်ဒဏ် တစ်သက် သို့မဟုတ် နှစ်အကန့်အသတ် မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ် နှစ်နှစ်ဆယ် ထိုက်သင့်သော ပြစ်မှု ကျူးလွန်ကြောင်း စွပ်စွဲခဲ့ခြင်းမခံရသူကို သေစေရန် ဤဥပဒေပါ မည်သည့်အချက်ကမျှ ခွင့်မပြုရ။