မည်သူမဆို စစ်ဆေးကြည့်ရှုနိုင်ခွင့်ရှိသော အများပြည်သူတို့နှင့် သက်ဆိုင်သည့် စာတမ်းအမှတ် အသားကို ထိန်းသိမ်းရသော ပြည်သူ့ဝန်ထမ်းအသီးသီးသည် ထိုသို့စစ်ဆေးကြည့်ရှုနိုင်ခွင့်ရှိသူက ကျသင့်သည့်တရားဝင်သတ်မှတ်သော အခကြေးငွေကိုပေးဆောင်၍ ထိုစာတမ်းအမှတ်အသားကိုတောင်း ဆိုသည့်အခါ ထိုသူအားယင်းမိတ္တူကို ထုတ်ပေးရမည်၊ ထိုမိတ္တူ၏အောက်ခြေတွင် ယင်းမိတ္တူမှာဆိုခဲ့ သည့် စာတမ်းအမှတ်အသား၏ တာဝန်ခံမိတ္တူမှန်ဖြစ်ကြောင်း သို့မဟုတ် ထိုစာတမ်းအမှတ်အသားတစ်စိတ်တစ်ပိုင်း၏ မိတ္တူဖြစ်ကြောင်းထောက်ခံချက်ပါရှိစေရမည်၊ ထိုထောက်ခံချက်တွင်အဆိုပါ ပြည်သူ့ဝန်ထမ်းကမိမိ၏အမည်ရာထူးအမည် တို့ကိုဖော်ပြပြီးနေ့စွဲတပ်၍ လက်မှတ်ရေးထိုးရမည်၊ ထို ဝန်ထမ်းသည်ဥပဒေအရ တံဆိပ်အမှတ်အသားကိုအသုံးပြုခွင့်ရှိလျှင် ထိုတံဆိပ်အမှတ်အသားကို ရိုက် နှိပ်ရမည်၊ ဤကဲ့သို့ထောက်ခံရေးသားထားသော မိတ္တူများကိုတာဝန်ခံမိတ္တူများဟု ခေါ်တွင်စေရ မည်။
ရှင်းလင်းချက်။ ဝန်ထမ်းတစ်ဦးဦးသည် လုပ်ဆောင်နေကျဖြစ်သည့် မိမိ၏ရာထူးဆိုင်ရာ ဝတ္တရားအရ အဆိုပါ မိတ္တူများကို ထုတ်ပေးခွင့်ရှိလျင် ထိုဝန်ထမ်းသည် ဤပုဒ်မ၏အဓိပ္ပာယ်အရဆိုခဲ့သော စာတမ်း အမှတ်အသားများကို ထိန်းသိမ်းရသော ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။