(၁) မည်သည့် ခရိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် နယ်ပိုင်ရာဇဝတ်တရားသူကြီးက မဆို မိမိအရေးယူပြီးသောအမှုကို မိမိလက် အောက်ခံ တရားသူကြီး တစ်ဦးဦးထံသို့ စုံစမ်း စစ်ဆေးရန် ဖြစ်စေ၊ စစ်ဆေးစီရင်ရန်ဖြစ်စေ လွှဲပြောင်းပေးနိုင်သည်။
(၂) မည်သည့် ခရိုင်ရာဇဝတ်တရားသူကြီးကမဆို အမှုတစ်စုံတစ်ရာကို အရေးယူပြီးသော ပထမတန်း အာဏာရတရားသူကြီး တစ်ဦးဦးအား စွပ်စွဲခြင်းခံရသူ တရားခံကို ယခု ဥပဒေ အရ စစ်ဆေး စီရင်ပိုင်သည့် သို့မဟုတ် စစ်ဆေးစီရင်ရန် လွှဲအပ်တင်ပို့နိုင်သည့် မိမိခရိုင် အတွင်းရှိ အမျိုးအမည် သီးခြားဖော်ပြထားသော အခြားတရားသူကြီး တစ်ဦးဦးထံ ၎င်း အမှုကို စုံစမ်းစစ်ဆေးရန် သို့မဟုတ် စစ်ဆေးစီရင်ရန်အလို့ငှာ လွှဲပြောင်းပေးနိုင်ရန် အာဏာအပ်နှင်းနိုင်သည်။ ယင်းကဲ့သို့ အမှုလွှဲပြောင်းပေးခြင်းခံရသော တရားသူကြီးကလည်း လွှဲပြောင်းသည့်အတိုင်း ၎င်းအမှု ကို စစ်ဆေးစီရင်နိုင်သည်။