ဆိုခဲ့သည့်အတိုင်း သက်သေခံချက်ကို ရယူခြင်း၊ တရားခံကို စစ်ဆေးခြင်းများ ပြုလုပ်ပြီးသည့်အခါတွင်ဖြစ်စေ၊ အမှု၏ရှေ့ပိုင်း မည်သည့်အဆင့်၌ဖြစ်စေ အကယ်၍ ရာဇဝတ် တရားသူကြီးက တရားခံမှာ ဤအခန်းအရ စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည့်ပြစ်မှုကို ကျူးလွန်ခဲ့သည် ဟု ယူဆရန်အကြောင်းရှိနေသည်ဟု ထင်မြင်ပြီး မိမိက စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည့်အပြင် ပြစ်ဒဏ်ကိုလည်း လုံလောက်စွာ ချမှတ်နိုင်သည်ဟုထင်မြင်လျှင် ၎င်းတရားခံအပေါ် စွဲချက်တင်ရမည်။