ပုဒ်မ ၂၀၀
ပုဒ်မ ၂၀၀
တရားသူကြီးများထံ တိုင်တန်းချက်များ

တိုင်တန်းချက် တစ်စုံတစ်ရာကို အရေးယူသည့် တရားသူကြီးသည် တိုင်တန်းသူကို ကျမ်းသစ္စာဖြင့် ချက်ချင်း စစ်ဆေးရမည်။ ၎င်းပြင် ထွက်ဆိုချက်များကိုလည်း ရေးမှတ်ရမည့်အပြင် တိုင်တန်းသူနှင့် တရားသူကြီး တို့ကပါ လက်မှတ်ရေးထိုးရမည်။ သို့ရာတွင် -

(က)တိုင်တန်းချက်ကို ရေးသားလျှောက်ထားသည့်အခါ ထိုအမှုကို ပုဒ်မ ၁၉၂ အရ မလွှဲ အပ်မီ တိုင်တန်းသူအား တရားသူကြီးက စစ်ဆေးရန်လိုကြောင်း ဤပုဒ်မ ပါ မည်သည့် အချက်အရမျှ မှတ်ယူခြင်းမရှိစေရ။

(ကက) တိုင်တန်းချက်ကို ရေးသားလျှောက်ထားသည့်အခါ တရားရုံး တစ်ရုံးက တိုင်တန်းချက် သို့မဟုတ် မိမိ၏ တာဝန်ဝတ္တရား ထမ်းဆောင်သည့်အနေဖြင့် သို့မဟုတ် ထမ်းဆောင် ရန်ပြုလုပ်သည့် အနေဖြင့် ပြည်သူ့ဝန်ထမ်းတစ်ဦးဦးက တိုင်တန်းချက်ဖြစ်လျှင် ဤ ပုဒ်မပါ မည်သည့်အချက်အရမျှ တိုင်တန်းသူအား စစ်ဆေးရန် မလိုအပ်စေရ။

(ခ)*************************************

( ဂ ) အမှုကို ပုဒ်မ ၁၉၂ အရ လွှဲအပ်၍ ထိုသို့လွှဲအပ်သည့် ရာဇဝတ် တရားသူကြီးက တိုင်တန်းသူကို စစ်ဆေးထားပြီးဖြစ်လျှင် လွှဲအပ် သည့်အမှုကို လက်ခံရရှိသည့် ရာဇဝတ်တရားသူကြီးသည် တိုင်တန်းသူကို ထပ်မံ၍ စစ်ဆေးရန်တာဝန် မရှိစေရ။