ပုဒ်မ ၁၄၉
ပုဒ်မ ၁၄၉
အမျိုးသားလွှတ်တော်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များ ဖွဲ့စည်းခြင်း

အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့သည် ပုဒ်မ ၁၄၇ ပုဒ်မခွဲ(က) နှင့် (ခ) ပါ ကော်မတီများကဆောင်ရွက်ရမည့် ကိစ္စများမှအပ အကြောင်းကိစ္စတစ်ရပ်ရပ်ကို လွှတ်တော်နှစ်ရပ်လုံးက လေ့လာရန်ရှိပါကယင်းလွှတ်တော်များ၏ ဥက္ကဋ္ဌများသည် အချင်းချင်းညှိနှိုင်း၍ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ ကိုယ်စားလှယ်ဦးရေ တူညီစွာပါဝင်သော ပူးပေါင်းကော်မတီ တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်နိုင်သည်။ အမျိုးသား လွှတ်တော်သည် ထိုကော်မတီတွင်ပါဝင်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက် တာဝန်ပေးအပ်နိုင်သည်။ ယင်းပူးပေါင်းကော်မတီ၏ သက်တမ်းသည် သက်ဆိုင်ရာလွှတ်တော်သို့ အစီရင်ခံ စာတင်သွင်းပြီးသည့် အချိန်အထိဖြစ်သည်။


ကျင့်ထုံး