(၁) ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း သို့မဟုတ် ပြည်ပတွင် နေထိုင်လျက် ရှိသော နိုင်ငံအကြီးအကဲ၏ မေတ္တာရပ်ခံချက်အရဖြစ်စေ၊ အဆိုပါ အကြီးအကဲကိုယ်စား ဆောင်ရွက်ပိုင် ခွင့်ရှိသည်ဟု အစိုးရက ထင်မြင်သောသူတစ်ဦး၏ မေတ္တာရပ်ခံချက် အရဖြစ်စေ၊ အကြီးအကဲကိုယ်စား တရားစွဲဆိုရန် သို့မဟုတ် ခုခံချေပရန်အတွက် အစိုးရအမိန့်ဖြင့် အထူးခန့်အပ်ခြင်းခံရသူတို့သည် ထိုအကြီးအကဲအတွက် ဤဥပဒေအရ တရားရုံးသို့လာရောက်ခြင်း၊ ဆောင်ရွက်ခြင်းနှင့် လျှောက်ထားခြင်း ပြုနိုင်သော အခွင့်ရကိုယ်စားလှယ်များ (recognized agent) ဖြစ်သည်ဟု မှတ်ယူရမည်။
(၂) သီးခြားဖော်ပြသည့် အမှုတစ်မှုအတွက်ဖြစ်စေ (for the purpose of a specified suit)၊ သီးခြားဖော်ပြသည့် အမှုများစွာအတွက်ဖြစ်စေ (several specified suits)၊ သို့မဟုတ် အကြီးအကဲကိုယ်စား တရားစွဲဆိုရန် သို့မဟုတ် ခုခံချေပရန် အခါအားလျော်စွာ လိုအပ်မည့် အဆိုပါ အမှုအရပ်ရပ်အတွက်ဖြစ်စေ (all such suits as it may from time to time be necessary to prosecute or defend) တစ်ဦးတစ်ယောက်အား ဤပုဒ်မအရ ခန့်အပ်နိုင်ပါသည်
(၃) ဤပုဒ်မအရ ခန့်အပ်ခြင်းခံရသူတစ်ဦးသည် အဆိုပါ အမှု သို့မဟုတ် အမှုများတွင် မိမိကိုယ်တိုင် အမှုသည်ဖြစ်ဘိသကဲ့သို့ (as if he were himself a party thereto) ထိုအမှု သို့မဟုတ် အမှုများ၌ တရားရုံးသို့ လာရောက်ခြင်း၊ လျှောက်ထားခြင်းနှင့် ဆောင်ရွက်ခြင်းများ ပြုနိုင်ရန် အခြားသူများအား အခွင့်အာဏာ လွှဲအပ်ခြင်း (authorize) သို့မဟုတ် ခန့်ထားခြင်း (appoint persons) ပြုလုပ်နိုင်ပါသည်။