ပုဒ်မ ၁၇၆
ပုဒ်မ ၁၇၆
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပခြင်း

တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူမည့် ကိစ္စရပ်များ၊ သဘောတူညီချက်ရယူမည့် ကိစ္စရပ်များ၊ အတည်ပြုချက် ရယူမည့်ကိစ္စရပ်များကို အောက်ပါ အတိုင်း ဆောင်ရွက်ရမည်-

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပဆဲ ကာလဖြစ်လျှင် ယင်းအစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ရမည်၊

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပဆဲ ကာလမဟုတ်လျှင် အနီးကပ်ဆုံး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ရမည်၊

(ဂ) အများပြည်သူအကျိုးငှာ အလျင်အမြန်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အထူးအစည်းအဝေး သို့မဟုတ် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပ၍ ဆွေးနွေးဆုံးဖြတ်ရမည်။



ကျင့်ထုံး