ပုဒ်မ ၁၂၈
ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပခြင်း
(က) ပြည်သူ့လွှတ်တော် အစည်းအဝေးတစ်ရပ်၏ ပထမနေ့တွင် ပြည်သူ့လွှတ်တော်အစည်း အဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော်ဦးရေ တက်ရောက်လျှင် ယင်းအစည်းအဝေး အထမြောက်သည်။ အကယ်၍ အထမမြောက်ပါက အစည်း အဝေးကို ရွှေ့ဆိုင်းကျင်းပရမည်၊
(ခ) ပုဒ်မခွဲ (က) အရ အစည်းအဝေး အထမမြောက်သည့်အတွက် ရွှေ့ဆိုင်းကျင်းပသော အစည်းအဝေး များနှင့် အစည်းအဝေး အထမြောက်ပြီးနောက် ဆက်လက်ကျင်းပသော အစည်းအဝေးများတွင် ပြည်သူ့ လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံးသုံးပုံတစ်ပုံ တက် ရောက်လျှင် ယင်းအစည်းအဝေးများ အထမြောက်သည်။