အထက်တွင်ပါရှိသော ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ-
(က) တိုင်တန်းချက်၊ သမ္မန်စာ၊ ဝရမ်း၊ စွဲချက်၊ ထုတ်ပြန်ကြေညာချက်၊ အမိန့်၊ စီရင်ချက်တွင် သော်လည်းကောင်း၊ အခြားမှုခင်းကိစ္စများ ဆောင်ရွက်ချက် တွင် သော်လည်းကောင်း၊ စစ်ဆေးစီရင်ခြင်းမပြုမီ၊ သို့မဟုတ် စစ်ဆေးစီရင်ဆဲ အတွင်း ကျင့်ထုံးဥပဒေအရ စုံစမ်း စစ်ဆေးမှု တစ်ရပ်ရပ်တွင် သော်လည်းကောင်း၊ အခြားမှုခင်းကိစ္စ များဆောင်ရွက်မှုတွင် သော်လည်းကောင်း တစ်စုံတစ်ရာမှားယွင်းမှ၊ ပျက်ကွက်မှ၊ သို့မဟုတ် နည်းလမ်းမကျမှုကြောင့်ဖြစ်စေ၊
(ခ) x x x x
(ဂ) ပုဒ်မ ၃၂ ၄ နှင့်အညီ ဂျူရီများ၏ စာရင်းတစ်စုံတစ်ရာကို ပြင်ဆင် ပယ်ဖျက်ရန် ပျက်ကွက်လျှင်ဖြစ်စေ၊
(ဃ) စွဲချက်တစ်စုံတစ်ရာတွင် ဂျူရီများအား တစ်စုံတစ်ရာ မှားယွင်း ညွှန်ကြားခြင်းကြောင့်ဖြစ်စေ
အဆိုပါမှားယွင်းမှု၊ ပျက်ကွက်မှု၊ နည်းလမ်းမကျမှု၊သို့မဟုတ် မှားယွင်းညွှန်ကြား ချက်သည် တရားမျှတမှ အမှန်တကယ်ကင်းမဲ့သွားစရာ အကြောင်းမဖြစ်ပေါ်စေပါက စီရင်ပိုင်ခွင့် အာဏာရရှိသည့် တရားရုံးတစ်ရုံးက ချမှတ်ထားသည့် မည်သည့် ဆုံးဖြတ်ချက် ပြစ်ဒဏ်၊ သို့မဟုတ် အမိန့်ကိုမျှ အခန်း ၂၇ အရဖြစ်စေ၊ အယူခံမှုတွင်ဖြစ်စေ၊ ပြင်ဆင်မှုတွင်ဖြစ်စေ ပယ်ဖျက် ပြောင်းလဲပြင်ဆင်ခြင်း မရှိစေရ။
ရှင်းလင်းချက်။ ဤကျင့်ထုံးဥပဒေအရ ဆောင်ရွက်သည့် မှုခင်းကိစ္စတစ်စုံတစ်ရာတွင် မှားယွင်းမှု၊ ပျက်ကွက်မှု၊ နည်းလမ်းမကျမှု၊ သို့မဟုတ် မှားယွင်းညွှန်ကြားမှု တစ်စုံတစ်ရာကြောင့် တရားမျှတမှ ကင်းမဲ့ရာရောက် မရောက် ဆုံးဖြတ်ရာတွင် ၎င်းအမှုကို ကနဦး စတင် ဆောင်ရွက်သည့်အဆင့်၌ ကန့်ကွက်နိုင်ခဲ့ခြင်း ရှိ မရှိနှင့် ကန့်ကွက်သင့် မသင့်ဆိုသောအကြောင်း ခြင်းရာကို တရားရုံးက ထောက်ထားဆင်ခြင်ရမည်။