ပုဒ်မ ၉၆
ဥပဒေပြုခြင်း
ပြည်ထောင်စုလွှတ်တော်သည် ဇယား ၁ တွင် ဖော်ပြထားသော ပြည်ထောင်စုဥပဒေပြု စာရင်းပါ ကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတစ်ဝန်းလုံး အတွက်သော်လည်းကောင်း၊ ပြည်ထောင်စု၏ တစ်စိတ်တစ်ဒေသ အတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်။