ပုဒ်မ ၄၉၈
ပုဒ်မ ၄၉၈
အာမခံပေးရန်၊ သို့မဟုတ် အာမခံကို လျော့ရန် ညွှန်ကြားနိုင်သည့် အာဏာ

(၁) ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၊ သို့မဟုတ် စက်ရှင်တရားရုံးသည် မည်သည့်အမှုတွင် မဆို ပြစ်မှုထင်ရှား စီရင်ခြင်းကို အယူခံသည်ဖြစ်စေ၊ အယူမခံသည်ဖြစ်စေ မည်သူကိုမဆို အာမခံပေးခွင့်ပြုရန်၊ သို့မဟုတ် ရဲအရာရှိတစ်ဦးကဖြစ်စေ၊ ရာဇဝတ်တရားသူကြီး တစ်ဦးကဖြစ် တောင်းဆိုထားသည့် အာမခံကို လျော့စေရန် ညွှန်ကြားနိုင်သည်။

(၂) ဤအခန်းအရ ချုပ်ဆိုသော ခံဝန်ချုပ်တိုင်း၏ ငွေအရေအတွက်သည် အခြေအနေအရ မများလွန်းစေရ။

သို့ရာတွင် သက်ဆိုင်ရာရာ ပြည်ထောင်စုနေချုပ်ကိုဖြစ်စေ၊တိုင်းဒေသကြီးဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ကိုဖြစ်စေ၊ အစိုရရှေ့နေကိုဖြစ်စေ ခရိုင်ရာဇဝတ်တရားသူကြီးကို ဖြစ်စေ ကြားနာနိုင်ရန် အခွင့်အလမ်းမပေးဘဲ မည်သူကိုမျှ ဤပုဒ်မအရ အာမခံမပေးရ။