ပုဒ်မ ၅၄၆-က
ပုဒ်မ ၅၄၆-က
ရဲအရေးယူပိုင်ခွင့် မရှိသော အမှုများတွင် တိုင်းတန်းသူက ပေးရသည့် တချို့စရိတ်များကို ပြန်ပေးရန် အမိန့်ချမှတ်ခြင်း

(၁) ရဲအရေးယူပိုင်ခွင့်မရှိသော ပြစ်မှုတစ်ခုခုကို တရားရုံးတစ်ရုံးရုံးသို့ တိုင်တန်းသည့်အခါတိုင်းတွင် တရားရုံးက တရားခံအပေါ် ပြစ်မှုထင်ရှားစီရင်လျှင် တရားခံအပေါ် ချမှတ်သည့် ပြစ်ဒဏ်အပြင်–

(က) တိုင်တန်းချက်အတွက်၊ သို့မဟုတ် တိုင်တန်းသူအား စစ်မေးရသည့် အထက်အတွက် စရိတ်ပေးရပါက ထိုစရိတ်၊ ၎င်းပြင်

(ခ) မိမိသက်သေများကိုဖြစ်စေ၊ တရားခံကိုဖြစ်စေ အမိန့်ဆင့်စာချအပ် ရသည့်အတွက် တိုင်တန်းသူက ပေးရသည့်စရိတ်၊

များကို တိုင်တန်းသူသို့ပေးစေရန် တရားခံအား အမိန့်ချမှတ်နိုင်သည်။ ထို့ပြင် ၎င်းစရိတ်ငွေ များကို ပေးဆောင်ရန် ပျက်ကွက်သည့်အခါ တရားခံအား ရက်ပေါင်း သုံးဆယ်ထက်မပိုသော အလုပ်မဲ့ထောင်ဒဏ် ကျခံစေရမည်ဟု အမိန့်ချမှတ်နိုင်သည်။

(၂) ဤပုဒ်မအရအမိန့်ကို အယူခံရုံးကလည်း ချမှတ်နိုင်သည်၊ သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က ပြင်ဆင်မှုအာဏာများ သုံးစွဲသည့်အခါတွင်လည်း ချမှတ်နိုင်သည်။