ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးသူများမှအပ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် သက်ဆိုင်ရာ မဲရုံအသီးသီး၌ ဆန္ဒမဲလက်မှတ်များကို ကိုယ်တိုင်လာရောက်ထုတ်ယူပြီး လျှို့ဝှက်ဆန္ဒပြု၍ သက်ဆိုင်ရာ မဲပုံးအတွင်းသို့ ကိုယ်တိုင်ထည့်ရမည် သို့မဟုတ် ကိုယ်တိုင်လာရောက်၍ အီလက်ထရောနစ်မဲပေးစက်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေးရမည်။ မည်သူမျှ ကိုယ်စားလှယ်စေလွှတ်၍ ဆန္ဒမဲပေးခြင်းမပြုရ။