(၁) အဆိုပါအမှု့တိုင်းတွင် တရားရုံးသည် ပြစ်မှုမြောက်စေသည့် အကြောင်း ခြင်းရာများအပြင် ပြစ်မှုကျုးလွန်သူက တစ်စုံတစ်ရာ ထွက်ဆိုချက်ရှိလျှင် ၎င်းထွက်ဆိုချက်နှင့်တကွ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်တို့ကို ရေးမှတ်ရမည်။
(၂) ကျူးလွန်သည့်ပြစ်မှုမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၂၈ အရ ဖြစ်လျှင် တားဆီးနှောင့်ယှက်ခြင်းခံရသော၊ သို့မဟုတ် တမင်စော်ကားခြင်းခံရသော တရားရုံးက မည်သည့် အမှုမျိုးကို စစ်ဆေးနေစဉ် မည်သည့်တရားစီရင်သောမှုခင်းကိစ္စအဆင့်တွင် တားဆီးနှောင့်ယှက် ခြင်းခံရကြောင်း၊ သို့မဟုတ် တမင်စော်ကားခံရကြောင်း အမှုမှတ်တမ်းတွင် ဖော်ပြရမည်။