ပုဒ်မ ၁၂၁
ပုဒ်မ ၁၂၁
တရားသူကြီးများ

တရားသူကြီးတစ်ဦးတစ်ယောက်ကိုမျှ အဆင့်မြင့်သောတရားရုံး၊ အထက်အဆင့်မြင့်တရားရုံး၏ အထူးအမိန့်မရဘဲ တရားသူကြီးအဖြစ်ဖြင့်တရားရုံးတွင် ထိုသူ၏ပြုမှုဆောင်ရွက်ချက် သို့မဟုတ် တရားသူကြီးအဖြစ်ဖြင့် တရားရုံးတွင်ဆောင်ရွက်နေစဉ် ထိုသူသိရှိခဲ့ရသည့်အကြောင်းအရာနှင့်စပ်လျဉ်း ၍ မေးခွန်းများကိုဖြေဆိုစေရန် အတင်းအကျပ်မပြုရ။သို့ရာတွင်တရားသူကြီးအဖြစ်ဖြင့်ဆောင်ရွက်နေ ခိုက် ထိုသူ၏ရှေ့မှောက်၌ဖြစ်ပွားခဲ့သော အခြားအကြောင်းအရာများနှင့်စပ်လျဉ်း၍မူ ထိုသူအားစစ်ဆေး မေးမြန်းနိုင်သည်။

ဥပမာများ

(က) စက်ရှင်တရားရုံးတွင်အမှုစစ်ဆေးခြင်းခံနေရသူ A က B ရာဇဝတ်တရားသူကြီးသည်သက်သေ တစ်ဦး၏ထွက်ဆိုချက်ကိုနည်းလမ်းတကျမဟုတ်ဘဲရေးမှတ်ထားကြောင်းလျှောက်ထားပြောဆိုသည်။ အဆင့်မြင့်သောတရားရုံး၏ အထူးအမိန့်မရဘဲ အဆိုပါရာဇဝတ်တရားသူကြီးအား ထိုကိစ္စနှင့်စပ်လျဉ်း သည့်မေးခွန်းများကိုအတင်းအကြပ်ဖြေဆိုစေခြင်းမပြုရ။

(ခ) A သည် ရာဇဝတ်တရားသူကြီး B ၏ရှေ့မှောက်တွင် မုသားသက်သေခံမှုဖြင့် စက်ရှင်တရားရုံးတွင် စွဲဆိုခြင်းခံရသည်။အဆင့်မြင့်သောတရားရုံးက အထူးအမိန့်အရမဟုတ်လျှင် A မည်သို့ပြောဆို ကြောင်းကို B အားမေးမြန်းခြင်းမပြုနိုင်ချေ။

(ဂ) စက်ရှင်တရားသူကြီး B ရှေ့မှောက်တွင် အမှုစစ်ဆေးခံနေရစဉ် A သည်ရဲအရာရှိတစ်ဦးအား သတ်ရန်အားထုတ်မှုဖြင့် စက်ရှင်တရားရုံးတွင် စွဲဆိုခြင်းခံရမည်။မည်ကဲ့သို့ပြစ်ချက်ရှိကြောင်းကိုအဆို ပါတရားသူကြီး B အားမေးမြန်းနိုင်သည်။