မေးခွန်းများ သို့မဟုတ် စုံစမ်းစစ်ဆေးချက်များသည် တရားရုံးက စဉ်းစားဆဲဖြစ်သောကိစ္စများနှင့် အနည်းငယ်သက်ဆိုင်သော်လည်း မဖွယ်မရာဖြစ်သည် သို့မဟုတ် အသရေကို ထိခိုက်စေသည်ဟု တရားရုံးကယူဆလျှင် အဆိုပါမေးခွန်းများကိုမမေးရန် သို့မဟုတ် ထိုသို့စုံစမ်းစစ်ဆေးခြင်းမပြုရန် တရားရုံးကတားမြစ်နိုင်သည်။ သို့ရာတွင် အငြင်းဖြစ်သည့် အကြောင်းခြင်းရာများနှင့်သော်လည်း ကောင်း၊ အငြင်းဖြစ်သည့် အကြောင်းခြင်းရာများတည်ရှိ မရှိကို ဆုံးဖြတ်နိုင်ရန်အလို့ငှာသိရှိရန် လိုအပ်သော ကိစ္စများနှင့်သော်လည်းကောင်း သက်ဆိုင်လျှင် အဆိုပါမေးခွန်းများမမေးရန် သို့မဟုတ် ထိုသို့ စုံစမ်းစစ်ဆေးခြင်းမပြုရန် တရားရုံးက တားမြစ်ခြင်းမပြုနိုင်ချေ။