ပုဒ်မ ၁၂၈
ပုဒ်မ ၁၂၈
အစုအဝေးကို လူစုခွဲရန် မြို့ပြအင်အားကို အသုံးပြုခြင်း

ထိုကဲ့သို့ အမိန့်ပေးသော်လည်း လူစုခွဲခြင်းမပြုလျှင် သို့မဟုတ် ထိုသို့အမိန့်မပေးပါက လူစု လူဝေးကို မုချ မဖျက်မည့်အကြောင်း ထင်ရှားစေသည့် အမူအရာကို ပြုလုပ်လျှင် မည်သည့် ရာဇဝတ် တရားသူကြီး သို့မဟုတ် မည်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းမှူး သို့မဟုတ် ဒု-ရဲအုပ်အောက် အဆင့်မနိမ့်သော ရဲအရာရှိကမဆို ထိုအစုအဝေးကို လူစုခွဲအောင် အင်အားသုံး၍ ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ရာတွင် ကြည်း၊ ရေ၊ လေ တပ်သား အရာရှိမဟုတ်သူ သို့မဟုတ် မြန်မာနိုင်ငံနယ်ခြားတပ် အက်ဥပဒေ သို့မဟုတ် မြန်မာနိုင်ငံ အရန်တပ် အက်ဥပဒေအရ လက်နက်ကိုင် မဟုတ်သူ မည်သည့် အမျိုးသားကိုမဆို အကူအညီတောင်းနိုင်သည်။ ထိုသူများကို အင်အားပြုလုပ်၍ လူစုခွဲ ရမည်။ လိုအပ်လျှင် အစုအဝေးတွင် ပါဝင်သူတို့ကို လူစုခွဲရန် သို့မဟုတ် တရားဥပဒေနှင့်အညီ ပြစ်ဒဏ် စီရင်နိုင်ရန် ဖမ်းဆီးချုပ်နှောင်နိုင်သည်။