ပုဒ်မ ၁၈၃
ပုဒ်မ ၁၈၃
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပခြင်း

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ် နေရာအချို့ လစ်လပ်နေစေကာမူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် လုပ်ငန်းများကို ဆောင်ရွက် ခွင့်ရှိသည်။ ထို့ပြင် အခွင့်အရေးမရှိသူတစ်ဦးက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း၊ ဆန္ဒမဲပေးခဲ့ခြင်း သို့မဟုတ် လွှတ်တော်လုပ်ငန်း တစ်ရပ်ရပ်တွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းကို နောင်အခါတွင်မှ စစ်ဆေးတွေ့ရှိစေကာမူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏ ဆုံးဖြတ် ဆောင်ရွက်ချက်များသည် ပျက်ပြယ်ခြင်းမရှိစေရ။


ကျင့်ထုံး