(၁) ဤအခန်းအရ အာမခံပေးရန် ပျက်ကွက်သည့်အတွက် ထောင်ချထားသူ တစ်စုံ တစ်ယောက်ကို လွှတ်ပါက အများပြည်သူတို့ကို သော်လည်းကောင်း၊ အခြားသူ တစ်စုံ တစ်ဦးကို သော်လည်းကောင်း ထိခိုက်ရန်အကြောင်း မရှိဟု ခရိုင်ရာဇဝတ် တရားသူကြီး က ယူဆလျှင် ထိုသူကို လွှတ်ရန် အမိန့်ချမှတ်နိုင်သည်။
(၂) ဤအခန်းအရ အာမခံပေးရန် ပျက်ကွက်သည့်အတွက် တစ်စုံတစ်ယောက်ကို ထောင်ချ သည့်အခါ (အကယ်၍ ထိုအမိန့်ကို မိမိထက် အဆင့်မြင့်သောတရားရုံး တစ်ရုံးက ချမှတ် ခဲ့ခြင်းမဟုတ်လျှင်) ခရိုင်ရာဇဝတ်တရားသူကြီးသည် အာမခံငွေ အရေအတွက်ကိုဖြစ်စေ၊ အာမခံသူများ အရေအတွက် ကိုဖြစ်စေ၊ အာမခံတောင်းဆိုသည့် ကာလအပိုင်းအခြားကို ဖြစ်စေ လျော့ပေါ့ ပေးသော အမိန့် တစ်ရပ်ကို ချမှတ်နိုင်သည်။
(၃) ပုဒ်မခွဲ (၁) အရ ချမှတ်သောအမိန့်တွင် ထိုသူမျိုးကို စည်းကမ်းချက်မထားဘဲနှင့် သော် လည်းကောင်း၊ ထိုသူလက်ခံသည့် စည်းကမ်းချက်နှင့်သော်လည်းကောင်း လွှတ်ကြောင်း ညွှန်ကြားနိုင်သည်။
သို့ရာတွင် ထိုသူကို အာမခံတောင်းဆိုသည့် ကာလအပိုင်းအခြား ကုန်ဆုံး သည့်အခါ ၎င်းအတွက် ချမှတ်ထားသည့်စည်းကမ်းချက် တစ်စုံတစ်ရာသည်လည်း ပျက်ပြယ် သွားစေရမည်။
(၄) နိုင်ငံတော်သမ္မတသည် စည်းကမ်းချက်နှင့် လွှတ်ရာ၌ လိုက်နာရမည့် စည်းကမ်းချက် များကို သတ်မှတ်နိုင်သည်။
(၅) ထိုသူမျိုးကိုလွှတ်ပေးရာ၌ သတ်မှတ်ခဲ့သည့် စည်းကမ်းချက်တစ်စုံတစ်ရာကို ထိုသူက လိုက်နာ ခြင်းမရှိဟု လွှတ်ပေးခဲ့သည့် ခရိုင်ရာဇဝတ်တရားသူကြီးကဖြစ်စေ၊ ၎င်းအား ဆက်ခံသူကဖြစ်စေ ယူဆလျှင် ထိုအမိန့်ကို ပယ်ဖျက်နိုင်သည်။
(၆) ပုဒ်မခွဲ (၅) အရ စည်းကမ်းချက်ဖြင့် လွှတ်သောအမိန့်ကို ပယ်ဖျက်လျှင် ထိုသူအား မည်သည့် ရဲအရာရှိကမဆို ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်ပြီး ခရိုင်ရာဇဝတ်တရားသူကြီးထံသို့ တင်ပို့ရမည်။
အဆိုပါသူက မိမိထိန်းသိမ်းခြင်းခံရသည့် သို့မဟုတ် ထိန်းသိမ်းထားရန် အမိန့် ထုတ်ဆင့် ခြင်း ခံရသည့် အကြောင်းရင်းဖြစ်သော မကုန်ဆုံးသေးသည့် ကာလအပိုင်းအခြားအတွက် မူလအမိန့်ပါ စည်းကမ်းချက်များ နှင့် အညီ အာမခံမပေးလျှင် (အဆိုပါ ကာလအပိုင်း အခြားသည် လွှတ်ပေးသည့် စည်းကမ်းချက်များကို မျိုးဖောက်ခဲ့သောနေ့နှင့် စည်းကမ်း ချက်ဖြင့် လွှတ်ပေးသည့်ကိစ္စမှတစ်ပါး ထိုသူကို လွှတ်ပေးရမည့် နေ့တို့အကြား MMHA) အပိုင်းအခြားနှင့် တူညီသည်ဟု မှတ်ယူရမည် ) ခရိုင်ရာဇဝတ်တရားသူကြီးသည် ထိုသူကို အဆိုပါ မှန် ဆုံးသေးသည့် ကာလအပိုင်းအခြားအတွင်း အကျဉ်းထောင်၌ ချုပ်နှောင် ထားရန် ချုပ်မိန့်ပေးနိုင်သည်။
ဤပုဒ်မခွဲအရ အကျဉ်းထောင်၌ ချုပ်နှောင်ထားရန် ချုပ်မိန့်ပေးထားသူကို ပုဒ်မ ၁၂၂ ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အထက်တွင်ဆိုခဲ့သော မကုန်ဆုံး သေးသည့် ကာလအပိုင်းအခြားအတွက် မူလအမိန့်ပါ စည်းကမ်းချက်များနှင့်အညီ အဆိုပါ အမိန့်ထုတ်ဆင့်ခဲ့သည့် တရားရုံးသို့ဖြစ်စေ၊ ရာဇဝတ်တရားသူကြီး မျိုးနှစ်စေ သို့မဟုတ် ထိုတရားရုံးကို ဆက်ခံသည့် တရားရုံး တစ်ရုံးသို့ဖြစ်စေ၊ ထိုရာဇဝတ်တရားသူကြီးကို ဆက်ခံခဲ့သည့် ရာဇဝတ်တရားသူကြီး သို့ဖြစ်စေ အာမခံပေးလျှင် ပေးသည့်အချိန်တွင် လွှတ်ရမည်။