ပုဒ်မ ၃၀၀
ပုဒ်မ ၃၀၀
ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများခန့်အပ် တာဝန်ပေးခြင်း

(က) ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူ ကြီးများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်၊

(ခ) ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး များသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်းစည်း မျဉ်းစည်းကမ်းများ နှင့်အညီ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။