ပုဒ်မ ၂ (၂)
ပုဒ်မ ၂ (၂)
ဒီကရီ

“ဒီကရီ” ဆိုသည်မှာ အမှုကို ဆုံးဖြတ်သည့် တရားရုံးနှင့် သက်ဆိုင်သမျှ ယင်းအမှုတွင် အငြင်းပွားလျက်ရှိသော အကြောင်းအရာ အားလုံး သို့မဟုတ် ယင်းတို့အနက် အကြောင်းအရာ တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ အမှုသည်တို့၏ ရပိုင်ခွင့်များ (rights of the parties) ကို အပြီးအပြတ် သတ်မှတ်ပေးသည့် စီရင်ဆုံးဖြတ်ချက် (adjudication) တစ်ရပ်အား ထုံးနည်းတကျ ရေးသား ဖော်ပြချက် (formal expression) ကိုဆိုသည်။

ဒီကရီသည် ပဏာမဒီကရီ (preliminary decree) သို့မဟုတ် အပြီးသတ်ဒီကရီ (final decree) ဖြစ်နိုင်သည်။

ဒီကရီ ဆိုသည့် စကားရပ်တွင် အောက်ပါတို့ ပါဝင်သည်ဟု မှတ်ယူရမည် -

  • ဆိုလွှာကို ပယ်သည့်အမိန့် (rejection of a plaint)၊ နှင့်
  • ပုဒ်မ ၄၇ သို့မဟုတ် ပုဒ်မ ၁၄၄ ၌ အကျုံးဝင်သော ပြဿနာ တစ်ရပ်ရပ်အပေါ် ဆုံးဖြတ်ချက် (determination of any question within section 47 or section 144)။

သို့ရာတွင် အောက်ပါတို့ မပါဝင်စေရ -

  • (က) အမိန့်တစ်ရပ်မှ အယူခံဝင်သကဲ့သို့ အယူခံဝင်နိုင်သော စီရင်ဆုံးဖြတ်ချက် (any adjudication from which an appeal lies as an appeal from an order)၊
  • (ခ) မလာရောက်ဘဲ ပျက်ကွက်ခြင်းကြောင့် ပလပ်သည့် အမိန့် (any order of dismissal for default)။

 

ရှင်းလင်းချက် (Explanation) - အမှုကို အပြီးအပြတ် စီရင်ခြင်း မပြုနိုင်သေးဘဲ နောက်ထပ် ဆောင်ရွက်ဖွယ်ရာများ ကျန်ရှိနေသေးသော ဒီကရီသည် ပဏာမဒီကရီ (preliminary decree) ဖြစ်သည်။ ယင်းသို့ စီရင်ဆုံးဖြတ်ခြင်းသည် အမှုကို အပြီးအပြတ် စီရင်ပြီးစီးစေပါက အပြီးသတ်ဒီကရီ (final decree) ဖြစ်သည်။ ဒီကရီ တစ်ရပ်သည် တစ်စိတ်တစ်ဒေသအားဖြင့် ပဏာမဒီကရီ ဖြစ်၍ တစ်စိတ်တစ် ဒေသအားဖြင့် အပြီးသတ်ဒီကရီလည်း ဖြစ်နိုင်သည်။