မည်သည့်အခါ ကြားဖြတ်အမှုစွဲဆိုနိုင်ခြင်း
နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသူတို့က ကြွေးမြီ သို့မဟုတ် ငွေကြေးတစ်ရပ်တည်းကိုဖြစ်စေ၊ ရွှေ့ပြောင်းနိုင်သော သို့မဟုတ် မရွှေ့မပြောင်းနိုင်သော အခြားပစ္စည်းတစ်ရပ်တည်းကိုဖြစ်စေ အခြားသူ တစ်ဦးထံမှ သူရထိုက်သည်၊ ငါရထိုက်သည်ဟူ၍ တောင်းဆိုကြရာတွင် ယင်းသို့ တောင်းဆိုခြင်းခံရသူ သည် စရိတ်စကများ သို့မဟုတ် တရားစရိတ်မှတစ်ပါး ထိုကြွေးမြီ၊ ငွေကြေး သို့မဟုတ် ပစ္စည်းတွင် အကျိုးသက်ဆိုင်ခွင့် တစ်စုံတစ်ရာကို တောင်းဆိုခြင်း မပြုသည့်အပြင် ထိုကိစ္စ၌ အမှန်ရထိုက်သူအား ပေးဆပ်ရန် သို့မဟုတ် ပေးအပ်ရန် အသင့်ရှိလျှင် မည်သူသို့ ပေးဆပ်ရမည် သို့မဟုတ် ပေးအပ်ရမည် ဖြစ်ကြောင်း အဆုံးအဖြတ်ရရှိရန်နှင့် မိမိအတွက် တာဝန်မှ ကင်းလွတ်ခွင့်ရရှိရန်လည်း အလို့ငှာ ထိုတောင်းဆိုသူများအပေါ် ကြားဖြတ်တရားမမှု စွဲဆိုနိုင်သည်။
သို့ရာတွင် အမှုသည်အားလုံး၏ အခွင့်အရေးများကို နည်းလမ်းတကျ ဆုံးဖြတ်ပေးနိုင်သည့် အမှုတစ်မှု မပြီးပြတ်သေးဘဲ ရှိနေလျှင် အဆိုပါ တောင်းဆိုခြင်း ခံရသူက ယင်းကဲံ့သို့ ကြားဖြတ်အမှုစွဲဆိုခြင်း မပြုရ။