(က) ပုဒ်မ ၄ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ဂ)တို့အရ သတ်မှတ်ထားသော မဲဆန္ဒနယ်တစ်နယ်တွင် ရွေးကောက်တင်မြှောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာရှိလျှင် ယင်းမဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲကျင်းပခြင်းမပြုတော့ဘဲ ထိုပုဂ္ဂိုလ်အား လွှတ်တော်ကိုယ်စားလှယ် ဖြစ်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက ကြေညာရမည်။
(ခ) ပုဒ်မ ၄ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ဂ)တို့အရ သတ်မှတ်ထားသော မဲဆန္ဒနယ်တစ်နယ်တွင် ရွေးကောက် တင်မြှောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးထက်ပို၍ ရှိခဲ့လျှင် မဲပုံးနှင့် ဆန္ဒမဲ လက်မှတ်များ သို့မဟုတ် အီလက်ထရောနစ်မဲပေးစက်များကို နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့် အတိုင်း ပြုလုပ်စီစဉ်၍ ဆန္ဒမဲပေးစေရမည်။