ပုဒ်မ ၅၀
နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ
(က) နိုင်ငံတော်၏မြို့တော်ဖြစ်သည့် နေပြည်တော်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင်ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ်သတ်မှတ်သည်၊
(ခ) နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စသည်တို့နှင့် စပ်လျဉ်းပြီး ထူးခြားသောအခြေအနေ ရှိသည့်နယ်မြေများကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ရန်လိုအပ်လျှင် ဥပဒေပြဋ္ဌာန်းပြီး နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင်ထားရှိသည့် ပြည်ထောင်စု နယ်မြေအဖြစ် သတ်မှတ်နိုင်သည်။