ပုဒ်မ ၃၈၃
ပုဒ်မ ၃၈၃
အခြားအမှုများတွင် တစ်ကျွန်းပို့ဒဏ်၊ သို့မဟုတ် ပြစ်ဒဏ်များကို အတည်ပြုလုပ်ခြင်း

ပုဒ်မ ၃၈၁ အရ ပြဋ္ဌာန်းထားသည့်အမှုများမှတစ်ပါးအခြားအမှုများတွင် တရားခံ အပေါ် စာစ်ကျွန်းပို့ဒဏ်၊ သို့မဟုတ် ထောင်ဒဏ်စီရင်သည့်အခါ ၎င်းပြစ်ဒဏ်စီရင်ချက် ချမှတ်သည့် တရားရုံးသည် ၎င်းတရားခံကို အကျဉ်းချထားသည်၊ သို့မဟုတ် ချုပ်ထားသည်ဟူ၍ အကျဉ်းထောင်သို့ ဝရမ်းကို ချက်ချင်း ပေးပို့ ရမည်။ တရားခံကို အဆိုပါအကျဉ်းထောင်၌ ချုပ်ထားပြီး မဟုတ်လျှင် ၎င်းကို အဆိုပါထောင်သို့ ဝရမ်းနှင့်အတူ ပိုရမည်။