(၁) တိုင်တန်းချက်ကိုရေးသား၍ အရေးယူရန်လျှောက်ထားရာတွင် ထိုအမှုကို အရေးအရေးယူခွင့် မရှိသည့် ရာဇဝတ်တရားသူကြီးသည် ထိုတိုင်တန်းချက်ကို ဆိုင်ရာတရားရုံးသို့ တင်သွင်းရန် ထပ်ဆင့်ရေးသား၍ လက်မှတ်ရေးထိုးပြီးလျှင် တိုင်တန်းချက်ကို တိုင်တန်းသူသို့ ပြန်လည်ပေးအပ်ရမည်။
(၂) တိုင်တန်းချက်ကို ရေးသားတင်သွင်းလျှောက်ထားခြင်း မဟုတ်လျှင် အဆိုပါရာဇဝတ် တရားသူကြီးသည် တိုင်တန်းသူကို ဆိုင်ရာ တရားရုံးသို့ ညွှန်ပြရမည်။