(၁) ရိုးရိုးဂျူရီလူကြီးများနှင့် အထူးဂျူးရီလူကြီးများအဖြစ် ဆောင်ရွက်ရန် တာဝန်ရှိသူများ၏ ပဏာမစာရင်းအသီးသီးကို တရားရုံးအရာရှိက လက်မှတ်ရေးထိုး၍ ထိုစာရင်းများ ပြုစုပြီးနောက် ဧပြီလ တစ်ဆယ့်ငါးရက်နေ့ မတိုင်မီ နိုင်ငံတော်ပြန်တမ်းတွင် တစ်ကြိမ်ထုတ်ပြန် ကြေညာရမည်။
(၂) မျိုးရိုးဂျရီလူကြီးများနှင့် အထူးဂျူရီလူကြီးများအဖြစ် ဆောင်ရွက်ရန် တာဝန်ရှိသူများ၏ ပြပြင်ပြီးစာရင်းအသီးသီးကို တရားရုံးအရာရှိက လက်မှတ်ရေးထိုး၍ ထိုစာရင်းများ ပြုစုပြီးနောက် မေလ တစ်ရက်နေ့ မတိုင်မီ နိုင်ငံတော်ပြန်တမ်းတွင် တစ်ကြိမ်ထုတ်ပြန် ကြေညာရမည်။
(၃) ဆိုခဲ့သည့်စာရင်းများ၏ မိတ္တူများကို တရားရုံးရှိ ထင်ရှားမြင်သာသော ဧနရာအချို့တွင် ကပ်ထားရမည်။