ရှာဖွေဝရမ်းထုတ်သည့် တရားရုံးစီရင်ပိုင်ခွင့်အာဏာ နယ်မြေပြင်ပရှိ တစ်နေရာရာတွင် ရှာဖွေဝရမ်းကို ကန္ဒရာ၌ ရှာဖွေသည့်ပစ္စည်းတစ်စုံတစ်ရာကို တွေ့ရှိသောအခါ ထိုပစ္စည်းများကို အောက်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြုစုထားသော ပစ္စည်းစာရင်းနှင့်အတူ ဝရမ်းထုတ်သည့် တရားရုံးသို့ ချက်ချင်း ယူဆောင်သွားရမည်။ သို့သော် အဆိုပါ နေရာသည် ယင်းတရားရုံးထက် ထိုအရပ်ကို စီရင်ပိုင်ခွင့် အာဏာရှိသော ရာဇဝတ်တရားသူကြီးနှင့် ပိုမိုနီးကပ်ခဲ့လျှင် ယင်းပစ္စည်း များနှင့် စာရင်းကို အဆိုပါ ရာဇဝတ်တရားသူကြီးရှေ့သို့ ချက်ချင်းယူဆောင်သွားရမည်။ ထို့ပြင် အခြားနည်းဆောင်ရွက်ရန် အကြောင်းထူးမရှိလျှင် အဆိုပါ ရာဇဝတ်တရားသူကြီးသည် ထိုပစ္စည်းများနှင့် စာရင်းတို့ကို ဝရမ်းထုတ်ဆင့်သည့် တရားရုံးသို့ ယူဆောင်သွားစေရန် အမိန့်ချမှတ်ရမည်။